Mufasa ရုပ်ရှင်အထူးပြပွဲကို မိဘတွေဖြစ်တဲ့ ဂျေဇီး၊ ဘီယွန်းစေးတို့နဲ့အတူ တက်ရောက်ခဲ့တဲ့ ဘလူးအိုင်ဗီ

0
55

ကမ္ဘာကျော်အဆိုတော်တွေဖြစ်တဲ့ ဂျေဇီး၊ ဘီယွန်းစေးတို့ဟာ ဒီဇင်ဘာ ၉ ရက်နေ့က သမီးဖြစ်သူ အသက် ၁၂ နှစ်အရွယ် ဘလူးအိုင်ဗီနဲ့အတူ Mufasa:The Lion King ရုပ်ရှင်အထူးပြပွဲကို တက်ရောက်ခဲ့ကြပါတယ်။

အိုင်ဗီက ရွှေရောင်ဂါဝန်ကို ဝတ်ဆင်ထားပြီး ဘီယွန်းစေးက ရွှေရောင်အဝိုင်းလေးတွေပါတဲ့ အနက်ရောင်ရင်ပြတ်ဂါဝန်ကို ဝတ်ဆင်လာခဲ့တာပါ။ ဒီပွဲကို အိုင်ဗီရဲ့အဘွားဖြစ်သူ၊ ဘီယွန်းစေးရဲ့အမေလည်း တက်ရောက်ခဲ့တာပါ။

ဒီရုပ်ရှင်မှာ အိုင်ဗီက ခြင်္သေ့ပေါက်လေး ကီအာရာ (ဆင်းဘာနဲ့ နာလာတို့ရဲ့သမီး) နေရာမှာ အသံသရုပ်ဆောင်ထားတာပါ။ Mufasa ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်ခွင့်ရခဲ့တာ အိပ်မက်လိုပါပဲလို့ အိုင်ဗီက ဆိုထားပါတယ်။ ဘီယွန်းစေးကလည်း ခြင်္သေ့မ နာလာနေရာမှာ အသံသရုပ်ဆောင်ထားပါတယ်။

Mufasa: The Lion King က ၂၀၁၉ ခုနှစ်ရဲ့ The Lion King ရဲ့အဆက်ဖြစ်ပြီး ဒီဇင်ဘာ ၂၀ ရက်နေ့ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here