Omurice ကြက်ဥထမင်းကြော် ပွဲကြီး

0
52
omelette with rice

ထမင်းကြော် ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ သူငယ်ချင်းတွေ မိသားစုတွေနဲ့ လက်ဆုံစားသုံးနိုင်မယ့် Omurice ကြက်ဥထမင်းကြော် ပွဲကြီး ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

ကြက်ဥ ၈ လုံး
ထမင်း ပန်းကန်လုံး ၆ လုံးစာ
ကြက်သွန်နီ ၂ ဥ (လေးထောင့်အတုံးငယ် လှီးဖြတ်ထားပါ)
မုန်လာဥနီ ၁ လုံး (ကြက်သွန်နီနှင့် အရွယ်အစားတူအောင် လှီးဖြတ်ထားပါ)
ဝက်သားပြား စည်သွပ်ဘူး ၂ ဘူးစာ (ကြက်သွန်နီနှင့် အရွယ်အစားတူအောင် လှီးဖြတ်ထားပါ)



ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
မိရောနိစ် အည်းငယ်
နံနံပင် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သွန်နီ၊ မုန်လာဥနီတို့ထည့်ကာ နူးသွားသည်အထိ ကြော်ပါ။ ဆားနှင့် ငရုတ်ကောင်းမှုန့်ထည့်ပါ။

၂။ ထို့နောက် ဝက်သားထည့်ကာ မွှေပါ။ ထမင်းထည့်ကာ အားလုံးသမအောင် ရောကြော်ပါ။ ရရှိလာတဲ့ ထမင်းကြော်ကို ပန်းကန်လုံးထဲ ပြောင်းထည့်ထားပါ။

၃။ ကြက်ဥ ၈ လုံးကို ပန်းကန်လုံးတစ်လုံးထဲသို့ ဖောက်ထည့်ပြီး ဆားအနည်းငယ်ထည့်ကာ သမအောင် ရောမွှေပါ။

၄။ ဒယ်အိုးကို အပူပေးပြီး ဆီအနည်းငယ်ထည့်ပါ။ ထို့နောက် ဒယ်အိုးမျက်နှာပြင်တစ်ခုလုံး ကြက်ဥကပ်သွားဖို့ရန်အတွက် ဒယ်အိုးကို ဖြည်းဖြည်းချင်းစီ လှည့်စောင်းပေးပါ။

၅။ ကြက်ဥ ကျက်ခါနီးမှာတော့ ထမင်းကို ကြက်ဥကြော်အလယ်တည့်တည့်တွင် ထည့်လိုက်ပါ။

ကြက်ဥအနားသားများကို ထမင်းပေါ် ဖိကပ်ပေးလိုက်ပါ။

၆။ ပန်းကန်ပြားအကြီးတစ်ချက်ကို ဒယ်အိုးပေါ် တင်ပြီးနောက် ဒယ်အိုးကို မှောက်ပေးလိုက်ပါ။

ဒါဆိုရင်တော့ ကြက်ဥထမင်းကြော် ပွဲကြီး တစ်ပွဲ ရရှိသွားပါပြီ။ ကြက်ဥပေါ်တွင် မိရောနိစ်နှင့် ခရမ်းချဉ်သီးဆော့စ်များ ဆမ်းထည့်ပေးလိုက်ပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here