ရာသီဘယ်လောက်ပြောင်းပြောင်း ဖက်ရှင်ရေစီးကြောင်းမှာတော့ ကမ္ဘာတစ်ဝှမ်းမှ အမျိုးသမီးများ မပြောင်းမလဲ အစဉ်အမြဲဝတ်ဆင်လျက်ရှိနေတဲ့ အဝတ်အစားမှာ စကပ်အတိုပဲဖြစ်ပါတယ်။ မီနီစကပ်တွေက ရွေးချယ်ရာ ဖက်ရှင်ဒီဇိုင်းပေါ်မူတည်ပြီး သင့်အားခေတ်မီစတိုင်ကျသောအသွင်ကို ပေးစွမ်းနိုင်ပါတယ်။ အကယ်၍များ စကပ်အတိုကို ဘယ်လိုမျိုး စတိုင်ကျကျဝတ်ဆင်ရမလဲ မသိသေးသော ပျိုမေလေးများလည်း သူများနည်းတူ စတိုင်ကျကျလှပနိုင်စေဖို့ရန်အတွက် နည်းလမ်းလေးများကို မျှဝေပေးလိုက်တယ်နော်။ ပုံစံအသစ်ပြောင်းဝတ်ပါ။ အကယ်၍ ဝတ်ဆင်မြဲဖြစ်သည့် ဂျင်းစကပ်အတိုတွေက အနည်းငယ်ကလေးဆန်လာသည်ဟု ထင်လာပြီဆိုလျှင်တော့ ဝမ်းဆက်အကွက်ပုံစံဒီဇိုင်းရှိသည့် စကပ်အတိုများကို ပြောင်းလဲဝတ်ဆင်ပေးနိုင်ပါတယ်။…
အုန်းဆီက ပေးစွမ်းနိုင်တဲ့ အလှအပအတွက်ကောင်းကျိုးများ
အုန်းဆီဟာ ဟိုအရင်ကတည်းက လူအများစု အသုံးပြုလာတဲ့ ဆီတစ်မျိုးဖြစ်တာကြောင့် ဒီဆီရဲ့ အကျိုးကျေးဇူးများစွာကို သိပြီးသားဖြစ်မှာပါ။ အသားရေထိန်းသိမ်းမှုအတွက် အုန်းဆီဟာ အကောင်းဆုံးဆီတွေထဲက တစ်ခုပါပဲ။ ဘတ်တီးရီးယားနဲ့ မှိုတွေကို ဖယ်ရှားပေးတဲ့ ဂုဏ်သတ္တိတွေပါဝင်တာကြောင့် အလှအပရေးရာအတွက် ဒီဆီကို နည်းလမ်းမျိုးမျိုးနဲ့ အသုံးပြုလို့ရပါတယ်။ အသားရေထိန်းသိမ်းဖို့အတွက် အုန်းဆီကို အသုံးပြုလို့ရနိုင်တဲ့ အလှအပအကျိုးကျေးဇူးတွေကို စာဖတ်ပရိသတ်တွေ သိရှိစေဖို့ ဖော်ပြပေးလိုက်ရပါတယ်။အသားရေ စိုပြေစေခြင်း ဒီအစွမ်းထက်ဆီက အသားရေ စိုပြေလာအောင် စွမ်းဆောင်နိုင်စွမ်းရှိတဲ့…
မိတ်ထွက်ခြင်းကို သက်သာစေမည့်နည်းလမ်းကောင်း
နွေရာသီမှာ ရာသီဥတုက ပူလောင်၊ မီးကပျက်နဲ့မို့ စိတ်ညစ်ရတဲ့ကြားထဲ မိတ်တွေပါ ပေါက်လာလို့ ငိုချင်စိတ်ပေါက်နေပြီလား။ တကယ်တော့ နွေရာသီနဲ့ မိတ်ဆိုတာ ခွဲခြားလို့ရတဲ့အရာတောင် မဟုတ်ပါဘူးနော်။ မိတ်ဆိုတာ စိတ်ကသိကအောက်ဖြစ်စေနိုင်ပေမယ့် လူကို အန္တရာယ်မဖြစ်စေနိုင်ပါဘူး။ မိတ်ဖြစ်ရခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ ပူလို့ပါပဲ။ ပူတဲ့အခါမှာ ပြင်ပအပူချိန်နဲ့ လိုက်လျောညီထွေဖြစ်နိုင်ဖို့ ခန္ဓာကိုယ်က ချွေးထွက်စေပါတယ်။ ပုံမှန်ထက်ပိုပြီး ချွေးထွက်လာတဲ့အခါမှာတော့ ချွေးထုတ်ပြွန်လေးတွေက ပိတ်ဆို့သွားတတ်ပါတယ်။ ဒီအခါမှာ မိတ်ဖုလို့ခေါ်တတ်ကြတဲ့ အနီဖုလေးတွေ…
အရက်နာကျတဲ့ မနက်ခင်းမှာ သောက်သင့်တဲ့ အရည်များ
ညလုံးပေါက် အရက်သောက်ပြီး နောက်နေ့မနက်မှာ အရက်နာကျတဲ့ ခံစားချက်ကတော့ အဆိုးဆုံးပါပဲ။ဒါတွေသက်သာစေဖို့နောက်မနက်မှာသောက်ပေးနိုင်မယ့်အရည်များကိုဖော်ပြပေးလိုက်ပါတယ်။ ၁။ ရေ အရက်သောက်ပြီဆိုတာနဲ့ ခန္ဓာကိုယ်က ရေဓာတ်ဆုံးရှုံးမယ်။ မနက်နိုးလာတဲ့အခါမှာ ခေါင်းမူးခေါင်းကိုက်ပြီး အန်ချင်သလို ဖြစ်နေမယ်။ အကောင်းဆုံးကတော့ မနက်နိုးလာတာနဲ့ ရေတစ်ခွက် အပြည့်သောက်လိုက်ပါ။ လက္ခဏာ ပိုပြီးမဆိုးလာစေဖို့နဲ့ ခန္ဓာကိုယ်က ကုန်ဆုံးသွားတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးဖို့ ရေများများသောက်ပေးဖို့ လိုအပ်ပါတယ်။ ၂။ အားဖြည့်အချိုရည် ပုံမှန်အရတော့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့…
မိန်းကလေးတိုင်းရဲ့ ဘဝမှာ ကြုံခဲ့ဖူးမယ့် သူငယ်ချင်း အုပ်စု (၇) မျိုး
သင့်ဘဝမှာ ဖော်ပြပါ သူငယ်ချင်း ပုံစံတွေထဲက အနည်းဆုံး တစ်မျိုးလောက်နဲ့တော့ ကြုံဖူးပါလိမ့်မယ်။ သင့်ဘဝ တစ်လျှောက် သင့်ကို ဂရုစိုက်မှုတွေ ပေးတဲ့ မိတ်ဆွေတွေ ရှိနိုင်သလို ဘဝသင်ခန်းစာ ပေးခဲ့သူတွေလည်း ရှိမှာပါ။ သူငယ်ချင်း အပေါင်းအသင်း ပုံစံက အမျိုးမျိုး ရှိမှာပါ။ သင်က ဘယ်သူငယ်ချင်း အုပ်စုအမျိုးအစားထဲ ပါဝင်လဲ သိချင်ရင် ဆက်ကြည့်လိုက်ပါနော်- ၁။ မိန်းကလေးဆန်ပြီး မိန်းကလေး ပီသတဲ့…
ပျော်ရွှင်စွာ ဖြတ်သန်းပါ
ကံကောင်းနေတယ်ဆိုတာ စိတ်ထားကောင်းလို့ပါ။ ပျော်ရွှင်နေတယ်ဆိုတာ အတွေးတွေ မှန်ကန်နေလို့ပါ။ လောကမှာ အပြစ်ကင်းစင်ပြီး လုံးဝစိတ်ထားကောင်းတဲ့သူဆိုတာ မရှိပါဘူး။ စိတ်ထားကောင်းအောင် ကြိုးစားနေထိုင်တဲ့သူပဲ ရှိတယ်။ အမြဲတမ်း ပျော်ရွှင်နေတဲ့သူဆိုတာ မရှိပါဘူး။ ပျော်အောင် ကြိုးစားနေထိုင်တဲ့သူပဲ ရှိပါတယ်။ အမြဲတမ်း အဆင်ပြေတဲ့သူဆိုတာလည်း မရှိပါဘူး။ ရောက်တဲ့နေရာမှာ အဆင်ပြေအောင် ကြိုးစား နေထိုင်တဲ့သူပဲ ရှိပါတယ်။ ဘဝမှာ ပြည့်စုံတဲ့သူရယ်လို့ မရှိပါဘူး။ လူတိုင်းမှာ ပြည့်စုံအောင် ကြိုးစားနေတဲ့သူတွေကြီးပါ။ မွေးဖွားကြတယ်။ ရှင်သန်ကြတယ်။ ပြီးတော့ မဖြစ်မနေ သေဆုံးသွားကြတယ်။ တစ်ကယ်တမ်းတွေးကြည့်ရင် ဘဝဆိုတာ တိုတိုလေးပါ။ ဒါကြောင့် စိတ်ညစ်လည်း…
ဒီးနဲ့သင်းသဲဗိုလ်တို့ရဲ့ ကြော်ညာတခုရဲ့အမိုက်စားဖက်ရှင်
လတ်တလောလေးကမှ Miss Universe Myanmar 2023 မှာ 1st runner up ရရှိထားပြီး Winner ရစေချင်တဲ့ ပရိတ်သတ်တွေနဲ့ မကြိုက်လို့ထိုးနှက်တိုက်ခိုက်မှုတွေ Body Shaming လုပ်ခြင်းတွေ တောက်လျှောက်ခံခဲ့ရသူကတော့ ဒီးပဲဖြစ်ပါတယ်။ ဒီးကတော့ Model လောကကနေတစ်ဆင့် Miss ဝင်ပြိုင်ခဲ့သူဖြစ်ပြီး တိုင်းရင်းသူ မွန်မလေးပဲဖြစ်ပါတယ်။ ဒီနေ့တော့ သူမနဲ့အတူ မော်ဒယ်တစ်ဦးလည်းဖြစ်ပြီး အိမ်ထောင်ဇာတ်လမ်းတွဲမှာ ရွှေအဖြစ် ပရိသတ်အသိအမှတ်ပြုခြင်းခံထားရတဲ့…
ဆံပင် ရေမခြောက်သေးဘဲ အိပ်ခြင်း၏ဆိုးကျိုးများ
“ဆံပင်ရေစိုကြီးနဲ့ မအိပ်နဲ့နော်..ဖျားလိမ့်မယ်”လို့ မိဘတွေက သတိပေးကြမှာပါ။ အဲဒီလို သတိပေးတာကို ကျွန်မတို့တွေက လျစ်လျူရှုနေကြပါတယ်။ အဲဒီလိုလုပ်နေတာကို ဆက်ပြီး လျစ်လျူရှုနေမယ်ဆိုရင်တော့ ကိုယ့်ကိုယ့်ကို ဒုက္ခပေးနေတာပါ။ ဘာကြောင့် အဲဒီလိုပြောလဲဆိုတာ ကြည့်လိုက်ကြရအောင်…။ဆံပင်ကျွတ်ခြင်း ကျွန်မတို့တွေရဲ့ ဆံပင်ဟာ ကျန်းမာနဲ့ညီညွတ်အောင် မစားတာကြောင့်ကော၊ လေထုညစ်ညမ်းမှုတွေကြောင့်ကော ပျက်စီးချင်သလိုဖြစ်နေပါတယ်။ ကျွန်မတို့ဟာ ဆံပင် ရေမခြောက်သေးဘဲ ရေစိုကြီးနဲ့ အိပ်လိုက်တဲ့အခါ ဆံသားအားနည်းသွားပြီး ဆံပင် ကျိုးပဲ့ပျက်စီးခြင်းတွေ ပိုဖြစ်စေနိုင်ပါတယ်။ဖျားနာခြင်း ဆံပင်ကလည်း…
ပျားရည် အတုအစစ်ခွဲခြားနိုင်သော ရိုးရာနည်းလမ်းများ
၁)လက်ဖဝါးထဲတွင် ပျားရည်အနည်းငယ်ထည့်ပြီး ရေနှင့် ပွတ်သပ်ဆေးကြောခြင်းဖြင့် လက်များ သန့်ရှင်းစင်ကြယ်သွားပါက ပျားရည်အစစ် ဖြစ်ပါတယ်။ ၂)မှင်နှိပ်စက္ကူ (သို့) သတင်းစာ စက္ကူပေါ်သို့ ပျားရည် အစက်ချပါက အရည်စိုပြီး အောက်သို့ စိမ့်ကျခြင်း၊ ဘေးသို့ ပြန့်သွားခြင်း မရှိဘဲ အရည်မစိုပါက ပျားရည်အစစ် ဖြစ်ပါတယ်။ ၃)စတီးဇွန်းထဲသို့ ပျားရည်ထည့်ပြီး မီးဖြင့် ပြပါက ပျားရည်ပျင်းတွဲတွဲ ဖြစ်ခြင်း ၊ မီးလောင်ခြင်းဖြစ်ပါက ပျားရည်အစစ်ဖြစ်ပါတယ်။…
မိမိအသားရည်နှင့်လိုက်ဖက်သောအလှကုန်ကိုရွေးခြယ်ပါ
အသားအရေလှပအောင် ဂရုစိုက်ထိန်းသိမ်းဖို့ဆိုရင် မိမိရဲ့အသားအရေအမျိုးအစားကို အရင် သိထားဖို့ လိုပါတယ်နော်။ ဒါမှသာ ကိုက်ညီတဲ့အလှကုန်ကိုရွေးချယ်နိုင်မှာပါ။ ၁။ သာမန်အသားအရေ ခြောက်သွေ့သလို အဆီလည်းပြန်ပါတယ်။ အပြစ်အနာအဆာကြီးကြီးမားမားမရှိပေမဲ့ အသားအရောင်မညီညာပါဘူး။ ချွေးပေါက်နည်းနည်းကျယ်ပါတယ်။ ဒီလိုအသားအရေအတွက်ဆို သဘာဝ သခွားသီး တိုနာ(Toner) ကို အသုံးပြုနိုင်ပါတယ်။ ၂။ အဆီပြန်တဲ့အသားအရေ အဆီတွေနဲ့ ပြောင်ပြောင်လေးဖြစ်နေတယ်။ ချွေးပေါက်ကျယ်ပါတယ်။ ဝက်ခြံနဲ့ အမည်းစက် တွေ ရှိတယ်။ ဒီလိုအသားအရေအတွက်ဆိုရင်တော့ ချွေးပေါက်ကျဉ်းစေတဲ့…