၁။ မျက်နှာသုတ်ပဝါကို မှန်မှန်လျှော်ဖွပ်ပါ။ ၂။ ခေါင်းအုံးစွပ်ကို အမြဲသန့်သန့်ရှင်းရှင်းဖြစ်အောင် လျှော်ဖွပ်ပါ။ ၃။ TV remote တွေမှာ ဘက်တီးရီးယားပိုးတွေရှိနေတာကြောင့် လက်ချောင်းများမှတဆင့် မျက်နှာ ပေါ် အလွယ်တကူရောက်ရှိလာနိုင်ပါတယ်။ ဒါကြောင့် အိပ်ရာထဲကို ယူမအိပ်သင့်ပါ။ ၄။ မအိပ်ခင်မှာ အဆာပြေသရေစာစားတာမျိုး ရှောင်ပါ။ ၅။ ဘေးစောင်းအိပ်ခြင်းက ဆံပင်မှအဆီတွေကို အသားအရေနဲ့ထိတွေ့ပြီး ဝက်ခြံထွက်ခြင်းကို ဦး တည်စေပါတယ်။ ဒါကြောင့် ပက်လက်အိပ်ပြီး…
ကိုယ့်ကိုယ်ကိုယ်ပျောက်ဆုံးနေတယ်လို့ ခံစားရတဲ့အခါ လုပ်ဆောင်သင့်တဲ့အရာများ
ဘဝမှာ ဘယ်လောက်ပဲ ရည်မှန်းချက်ကောင်းတွေရှိနေပါစေ တစ်ခါတစ်လေ လမ်းပျောက်နေပြီ ၊ ကိုယ့်ကိုယ်ကိုပျောက်ဆုံးနေပြီလို့ ခံစားရတဲ့အချိန်တွေ ရှိတက်ကြပါတယ်။ ဒါဟာ သင်တစ်ယောက် တည်းမဟုတ်ပါဘူး။ သင့်အနေနဲ့ ဒီလို ဘဝမှာ ကိုယ့်ကိုယ်ကိုယ်ပျောက်ဆုံးနေတယ်လို့ ခံစားရတဲ့အခါ အခုပြောပြမယ့်အချက်လေးတွေလုပ်ဆောင်ကြည့်ဖို့ အကြံပြုပါရစေ။ (၁) စိတ်ခံစားချက်ကိုထိန်းချုပ်ပါ လူတစ်ယောက်မှာ စိတ်ခံစားချက်က အရမ်းကို အရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကို ပျောက်ဆုံးနေပြီလို့ ခံစားရတဲ့အချိန်မျိုးမှာ အရာအားလုံးက အပျက်သဘောဆောင်တဲ့ ခံစားမှုကိုသာ ဖြစ်စေပါတယ်။…
လူကြီးဆန်ပြီး ရိုးလွန်းနေသော ရုံးတက်ဖက်ရှင်များကို ပြောင်းလဲပါ
ပျိုမေတို့အတွက် ရုံးဆိုတာ ကိုယ့်ရဲ့ တစ်နေ့တာကို ဖြတ်သန်းနေရတဲ့ လုပ်ငန်းခွင်နေရာတစ်ခုဆို မမှားပါဘူး။ နေ့စဉ် ရုံးသွားတဲ့အခါ ဖက်ရှင်ကျကျ ဖြစ်နေဖို့လည်း အရေးကြီးပါတယ်။ အဲဒီလို စမတ်ကျနေစေဖို့ တစ်နေ့ တစ်မျိုး မရိုးရအောင် ဝတ်ဆင်တတ်ဖို့လည်း လိုပါတယ်။ တစ်နေ့တစ်နေ့ ဒီပုံစံကိုပဲ ထပ်နေအောင် ဝတ်နေတာက သင့်ကို မလန်းဆန်းစေတာမျိုး ဖြစ်စေနိုင်ပါတယ်။ ကိုယ့်ရဲ့ဝတ်စားပုံက အမြဲတမ်း ပုံစံတူပြီး ရိုးရိုးကြီးဖြစ်နေပြီဆိုရင်တော့ အခုလို စမတ်ကျပြီး…
သွားနဲ့ခံတွင်းကျန်းမာရေးအတွက် နည်းလမ်းများ
၁။ သွားဖုံးကို မထိခိုက်စေနိုင်တဲ့ အမွေးရှည်ရှည် သွားပွတ်တံလေးတွေ သုံးပါ။ ၂။ သွားပွတ်တံမှာ မျက်စိနဲ့မမြင်နိုင်တဲ့ ပိုးမွှားတွေ ကပ်နေနိုင်တာကြောင့် မကြာမကြာ လဲလှယ်ပေးပါ။ ၃။ သွားကို လိုအပ်တာထက် ပိုမတိုက်ဘဲ ပုံမှန်တိုက်ပါ။ သွားအလွန်အကျွံတိုက်တာက အပေါ်ယံကြွေလွှာကို ပျက်စီးစေနိုင်ပြီး သွားဖုံးကို ကျိန်းစပ်စေပါတယ်။ ၄။ ကွေးနိုင်ဆန့်နိုင်တဲ့ သွားပွတ်တံလက်ကိုင်ဟာ သွားအပေါ်မှာ အကျိုးသက်ရောက်မှု နည်းနည်းပဲ ရှိပါတယ်။ ၅။ သကြားမပါဝင်တဲ့…
အနေဝေးချစ်သူတွေကြားမှာပဲ ရနိုင်မယ့် အကျိုးကျေးဇူး (၇) ခု
အချစ်ရေးတွေထဲမှာ အခက်ခဲဆုံးတွေထဲက တစ်ခုကတော့ ချစ်သူနှစ်ဦး နေရာဝေးပြီး ခွဲနေရတာပါ။ ဒါကို English လို “Long Distance Relationship” လို့ ခေါ်ပါတယ်။ LDRS တွေက အနေနီးတဲ့ ချစ်သူတွေလောက် တွေ့ရတာ သိပ်မရှိပေမယ့် သူတို့မှာလည်း အားသာချက် ကိုယ်စီရှိပါတယ်။ သင်က LDRS အချစ်ရေးကို ပိုင်ဆိုင်ထားတယ်ဆိုရင် ကောင်းတဲ့ဘက်ကို မြင်နိုင်ဖို့ အကျိုးကျေးဇူးတွေကို သိထားသင့်ပါတယ်။ ၁။…
90’s စတိုင်နဲ့ ဖက်ရှင်ကျအောင် ဘယ်လိုဝတ်မလဲ?
ဖက်ရှင်ဆိုတာက အမြဲတမ်း တစ်ပတ်ပြန်လည်နေတဲ့အရာတစ်ခုပါ။ 70’s, 80’s နဲ့ 90’s ခေတ်တုန်းက ခေတ်စားခဲ့တဲ့ ဝတ်စားဆင်ယင်မှုတွေက အခုတဖန် ပြန်လည်နေရာယူနေတာပဲ မဟုတ်လား။ ပြီးခဲ့တဲ့ နှစ် ၂၀ တုန်းက မိုက်ခဲ့တဲ့ ဖက်ရှင်ရှိုးပွဲတွေနဲ့ Street Style တွေဆိုရင်လည်း အခုဆိုရင် 90’s ဖက်ရှင်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရပ်တည်နေပါတယ်။ ဒါကြောင့် 90’s အချိန်တွေမှာ ခေတ်စားခဲ့တဲ့ဖက်ရှင်ကို အခုတစ်ဖန်…
နူးညံ့ချောမွေ့တဲ့လက်လှလှလေးဖြစ်စေဖို့ နည်းလမ်းကောင်းများ
အိမ်မှုကိစ္စလုပ်နေရတဲ့သူတွေဆိုရင် ဆပ်ပြာမှုန့်၊ ကြေးချွတ်ဆေးတွေနဲ့ အခြားဓာတုပစ္စည်းတွေကြောင့် လက်တွေဟာ ကြမ်းတမ်းလာတတ်ပါတယ်။ ဒါပေမဲ့ အဲဒီအတွက် စိုးရိမ်စရာမလိုပါဘူး။ ကြမ်းတမ်းနေတဲ့လက်တစ်စုံကို နူးညံ့ချောမွေ့သွားအောင် လုပ်လို့ရပါတယ်။ သင်ရဲ့လက်ကို နူးညံ့ချောမွေ့သွားစေမယ့် ဂရုစိုက်ထိန်းသိမ်းနည်းတချို့ကို မျှဝေပေးလိုက်ရပါတယ်။ ၁။ သံလွင်ဆီ (လက်ဖက်ရည်ဇွန်းတစ်ဝက်) ခန့်နဲ့ သကြား (လက်ဖက်ရည်ဇွန်း (၁) ဇွန်း) တို့ကို ရောစပ်လိုက်ပြီး လက်ဖဝါးပေါ်မှာ အသုံးပြုလိုက်ပါ။ ပြီးရင် လက်ဖဝါးနဲ့ လက်ဖမိုးတို့ကို ဖြည်းဖြည်းသာသာလေး…
ရေခဲရေသောက်ခြင်းကြောင့်ဖြစ်ပေါ်လာမည့်ကျန်းမာရေးအကျိုးဆက်များ
နွေရာသီမှာ ရေအေးအေးလေးသောက်လိုက်ရတာက တော်တော်ကို စိတ်ချမ်းသာစရာကောင်းလှပါတယ်။ စက္ကန့်ပိုင်းအတွင်း အပူတွေကို လျော့ကျသွားစေပါတယ်။ ဒါပမယ့် ရေခဲရေက ခန္ဓာကိုယ်ကို ဘယ်လောက်ထိ ထိခိုက်မှုတွေဖြစ်သွားစေလဲဆိုတာကိုတော့ တော်တော်များများက တွေးမိမယ်တောင်မထင်ပါဘူး။ ရေခဲရေကို သောက်လိုက်တဲ့အခါ အစာချေလမ်းကြောင်းကို ထိခိုက်စေပါတယ်။ သွေးကြောတွေကို ကျုံ့စေနိုင်သလို ကိုယ်ခံအားစနစ်ကိုလည်း အားနည်းစေနိုင်ပြီး အစာမကြေတာမျိုးကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ ရေနွေး (သို့) အခန်းအပူချိန်မှာထားထားတဲ့ရေကို သောက်သုံးတာက ကျန်းမာရေးထိခိုက်နိုင်မှုကို လျော့ချပေးနိုင်ပါတယ်။နွေရာသီမှာ ရေအေးအေးလေးသောက်လိုက်ရတာက တော်တော်ကို…
Tatoo အလှကို အထင်းသားပေါ်လွင်စေမယ့် ဖက်ရှင်များ
Tatoo ကို အသားအနာခံပြီး ထိုးထားတယ်ဆိုတာ ကိုယ်တိုင်ကြိုက်လို့ဆိုတာ ဟုတ်သလို သူများကိုလည်း မြင်စေချင်မှာဖြစ်ပါတယ်။ ဒါကြောင့် Tatoo ထိုးပြီး Tatoo အလှကို အထင်းသားပေါ်လွင်စေမယ့် ဖက်ရှင်များကို စုစည်းဖော်ပြပေးလိုက်ပါတယ်။ အမိုက်စား ဖက်ရှင် အမိုက်စား Tatoo များနဲ့ အကြမ်းစားဂေါ်ကြရအောင်။
အသားအရေအတွက် အလှဆီ၏ကောင်းကျိုးများ
ဂလစ်ဆရင်းဆိုတာ ချိုအီမွှေးပျံ့တဲ့အနံ့အရသာရှိပြီး အဆိပ်အတောက်လုံးဝမရှိတဲ့ သဘာဝ အလှဆီ စစ်စစ်ဖြစ်ပါတယ်။ တစ်ဘူးဝယ်ထားရင် တစ်အိမ်လုံးအတွက်လည်း အသုံးတည့်တဲ့ မရှိမဖြစ် လေးပါ။ ဘာကြောင့်လဲဆိုတော့ ဂလစ်ဆရင်းမှာ ဆံပင်နဲ့ အသားအရေအတွက် အကျိုးကျေးဇူးတွေ အများကြီးပါဝင်နေလို့ပါ။ ၁။ သဘာဝအတိုင်း အသားအရေစိုပြေမှုကို ထိန်းသိမ်းပေးခြင်း ဂလစ်ဆရင်းဟာ သဘာဝအလှဆီဖြစ်တဲ့အတွက် ပတ်ဝန်းကျင်ဆီက စွတ်စိုမှုဓာတ်တွေကို အ သားအရေအတွက် စုပ်ယူပေးပါတယ်။ ခြောက်သွေ့ပြီး အသားပပ်ရင် ဂလစ်ဆရင်းကို လိမ်းပေးပါက…