အစားစားပြီးတဲ့အခါမှာ ရေခဲရေအစားရေနွေး ဒါမှမဟုတ် အခန်းအပူချိန်အတိုင်း ထားထားတဲ့ရေကို သောက်သုံးတာက ကျန်းမာရေးအတွက် ပိုမိုသင့်တော်ပါတယ်။ ရေနွေး (သို့) အခန်းအပူချိန်မှာထားထားတဲ့ရေကို သောက်သုံးပေးခြင်းကြောင့်ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေကိုဖော်ပြပေးလိုက်ပါတယ်။ အစာချေစနစ်ကို ပိုမိုမြန်ဆန်စေပြီး ရေဓာတ်တိုးစေနိုင်ခြင်းသဘာဝ အစာချေအင်ဇိုင်းတွေကို လှုံ့ဆော်ပေးနိုင်တာကြောင့် အစာချေစနစ်ကို တိုးတက်ကောင်းမွန်စေနိုင်ခြင်းအစာတွေကို ပုံမှန်ထက် ပိုမိုလွယ်ကူစွာ ချေဖျက်စေနိုင်ခြင်းအူမကြီးလှုပ်ရှားမှုကို ပိုမိုကောင်းမွန်စေနိုင်ခြင်းသွေးသန့်စေပြီး အရေပြား၊ ကျောက်ကပ်နဲ့ သွေးဖြူဥဆဲလ်စနစ်တွေကနေတဆင့် အဆိပ်အတောက်တွေထုတ်လွှတ်ပေးတဲ့ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းစဉ်ကို တိုးတက်ကောင်းမွန်စေပါတယ်။ ရေနွေး…
ရိုးရှင်းလှတဲ့ ဆောင်းဟေကိုရဲ့ လေဆိပ်ဆင်းဖက်ရှင်
Kyo လေဆိပ်ဆင်းတဲ့ဖက်ရှင်လေးက ရိုးရိုးလေးနဲ့ လှလွန်းတယ်လို့ မထင်ဘူးလား? အသက် (၄၀) ကျော်ပြီဖြစ်တဲ့ Song Hey Kyo က နုပျိုပြီးလှပနေတုန်းပဲဖြစ်ပါတယ်၊ သူမရဲ့အလှတရားက ရိုးရိုးရှင်းရှင်းလေးနဲ့ဆိုရင်တောင် လူကြားထဲ ထင်းထွက်နေတာပဲဖြစ်ပါတယ်။ ဒီနေ့တော့ Song Hey Kyo ရဲ့ Fan တွေအတွက် Kyo ရဲ့ လေဆိပ်ဆင်းခဲ့တဲ့ ရိုးရှင်းလှပတဲ့ဖက်ရှင်လေးကို မျှဝေပေးလိုက်ပါတယ်။
အသားအရေလှပစေဖို့ မနက်တိုင်းစားပေးသင့်သောအစားအစာများ
အလှကုန်ပစ္စည်းကောင်းတွေသုံးခြင်းကြောင့် အသားအရေလှပစေနိုင်သလို မှန်ကန်တဲ့ စားသောက်မှုပုံစံကြောင့်လည်း ပြစ်မျိုးမှဲ့မထင် အသားအရေကို ပိုင်ဆိုင်စေနိုင်ပါတယ်။လှပတဲ့အသားအရေလေးကို ရဖို့ အောက်မှာဖော်ပြထားတဲ့ အစားအစာလေးတွေပို မနက်စာအဖြစ် စားသုံးကြည့်သင့်ပါတယ်။ ၁။ စတော်ဘယ်ရီနဲ့ ကီဝီသီးဖျော်ရည် စတော်ဘယ်ရီနဲ့ ကီဝီသီးဖျော်ရည်မှာ antioxidants တွေ များစွာပါဝင်တာကြောင့် မနက်တိုင်းသောက်သုံးပေးမယ်ဆိုရင် မျက်နှာပေါ်က အပြစ်အနာအဆာတွေ၊ နေလောင်ကွက်တွေကို ဖယ်ရှားပေးပြီး လှပတဲ့အသားအရေကို ပိုင်ဆိုင်စေနိုင်ပါတယ်။ ဘယ်ရီသီးတွေမှာ အသားအရေကို ဖြူဝင်းစေပြီး အရေးအကြောင်းတွေကို ကာကွယ်ပေးတဲ့…
ရွာငံမြို့က Marigold ပန်းခင်း
ပန်းခင်းကြီးထဲမှာ ပုံရိုက်ချင်တဲ့သူတွေရယ် ပန်းချစ်တဲ့သူတွေရယ် အတွက် ရွာငံမြို့မှာရှိတဲ့ လှပလွန်းတဲ့ Marigold ပန်းခင်း ကြီးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ ရွာငံဘက် ခရီးထွက်ဖြစ်တဲ့အခါ မတော်တဆပဲဖြစ်ဖြစ်ရောက်ခဲ့တဲ့အခါ Marigold ပန်းခင်းကြီးထဲ သွားရောက်လည်ပတ်ခဲ့ပါနော်။ ပန်းခင်းကြီးရဲ့အလှတရားရယ် ပန်းတွေရဲ့ရနံ့တွေရယ်နဲ့ စိတ်ကိုအေးမြလန်းဆန်းသွားစေမှာ အမှန်ပါပဲ။ ရွာငံရေပြာအိုင်နားမှာရှိပြီး အရမ်းကိုလှလွန်းလို့ ပန်းချစ်တဲ့သူဆိုရင် လုံးဝသဘောကျစေမယ့်ပန်းခင်းကြီးပဲဖြစ်ပါတယ်။ ဝင်ကြေးအနေနဲ့ တစ်ဦးလျှင် ၁၀၀၀ကျပ်နှုန်းတော့ ပေးရပါတယ်။ ဘယ်လိုသွားရဦးမလဲ လမ်းညွှန်ပေးပါဦးဆိုရင်တော့ ရေပြာအိုင် ဆိုင်တန်း အနီးက…
အိပ်ချိန်များလွန်းခြင်းကလည်း အိပ်ချိန်နည်းလွန်းခြင်းကဲ့သို့ဆိုးကျိုးရှိနေ
ဒီတစ်ညတော့ မပြီးပြတ်သေးတဲ့ အလုပ်တွေကို ညလုံးပေါက်မအိပ်ဘဲ လတ်စသတ်မယ်။ နောက်ရက်မှ အားရပါးရပေါင်းအိပ်မယ်။ ဒီလိုမျိုးတွေးပြီး နောက်ရက်ကျတော့ တစ်နေကုန် မထတမ်း အိပ်ပစ်လိုက်တာမျိုးတွေ ရှိဖူးလား။ ဒီလိုအတွေးမျိုး လက်ကိုင်ထားပြီး ကျင့်သုံးနေတယ်ဆိုရင်တော့ ပြန်သုံးသပ်ဖို့လိုအပ်နေပါပြီ။ အိပ်ချိန် (၈) နာရီထက် နည်းပါးလွန်းတာက အဝလွန်ခြင်း၊ နှလုံးရောဂါ၊ စိတ်ဓာတ်ကျခြင်းနဲ့ စောစီးစွာသေဆုံးခြင်း စတာတွေနဲ့ ဆက်စပ်နေပါတယ်။ အိပ်ချိန်နည်းလွန်းသလိုပဲ အိပ်ချိန်များလွန်းတာကလည်း အလားတူ ရောဂါဆိုးတွေ ဖြစ်စေနိုင်ပါတယ်။…
ကော်ဖီအနည်တွေကို အိမ်အတွက် အကျိုးရှိရှိ ပြန်လည်အသုံးချနည်းများ
ကော်ဖီသောက်တဲ့အခါ အနည်ထိုင်ကျန်ခဲ့တဲ့ ကော်ဖီအနည်တွေကို လွင့်ပစ်မိနေတယ်ဆိုရင်တော့ အခုပဲရပ်တန့်လိုက်ပါ။ ကော်ဖီအနည်တွေကို အိမ်အတွက် အကျိုးရှိရှိ ပြန်လည်အသုံးချလို့ရပါတယ်။ အောက်မှာဖော်ပြထားတဲ့ ကော်ဖီအနည်ရဲ့အသုံးဝင်ပုံလေးတွေကို ဖတ်ကြည့်လိုက်ပါ။ (၁) အိုးခွက်များတိုက်ချွတ်ဆေးကြောနိုင်ခြင်း ကော်ဖီအနည်ရဲ့ အာနိသင်ဟာ တိုက်ချွတ်ရခက်တဲ့ အိုးခွက်များကို ပြောင်လက်သွားအောင် ဆေးကြော သန့်စင်ပေးနိုင်ပါတယ်။ မီးဖိုချောင်သုံးပစ္စည်း ဇွန်း စသည်တို့ တိုက်ချွတ်ဆေးကြောရာတွင်လည်း ကောင်းကောင်းကြီး အသုံးပြုနိုင်ပါတယ်။ (၂) ပန်းများ ကြာရှည်ခံအောင် ပြုလုပ်နိုင်တယ် ပန်းများ…
စကပ်အတိုကို ဘယ်လိုစတိုင်ကျအောင်ဝတ်မလဲ
ရာသီဘယ်လောက်ပြောင်းပြောင်း ဖက်ရှင်ရေစီးကြောင်းမှာတော့ ကမ္ဘာတစ်ဝှမ်းမှ အမျိုးသမီးများ မပြောင်းမလဲ အစဉ်အမြဲဝတ်ဆင်လျက်ရှိနေတဲ့ အဝတ်အစားမှာ စကပ်အတိုပဲဖြစ်ပါတယ်။ မီနီစကပ်တွေက ရွေးချယ်ရာ ဖက်ရှင်ဒီဇိုင်းပေါ်မူတည်ပြီး သင့်အားခေတ်မီစတိုင်ကျသောအသွင်ကို ပေးစွမ်းနိုင်ပါတယ်။ အကယ်၍များ စကပ်အတိုကို ဘယ်လိုမျိုး စတိုင်ကျကျဝတ်ဆင်ရမလဲ မသိသေးသော ပျိုမေလေးများလည်း သူများနည်းတူ စတိုင်ကျကျလှပနိုင်စေဖို့ရန်အတွက် နည်းလမ်းလေးများကို မျှဝေပေးလိုက်တယ်နော်။ ပုံစံအသစ်ပြောင်းဝတ်ပါ။ အကယ်၍ ဝတ်ဆင်မြဲဖြစ်သည့် ဂျင်းစကပ်အတိုတွေက အနည်းငယ်ကလေးဆန်လာသည်ဟု ထင်လာပြီဆိုလျှင်တော့ ဝမ်းဆက်အကွက်ပုံစံဒီဇိုင်းရှိသည့် စကပ်အတိုများကို ပြောင်းလဲဝတ်ဆင်ပေးနိုင်ပါတယ်။…
အုန်းဆီက ပေးစွမ်းနိုင်တဲ့ အလှအပအတွက်ကောင်းကျိုးများ
အုန်းဆီဟာ ဟိုအရင်ကတည်းက လူအများစု အသုံးပြုလာတဲ့ ဆီတစ်မျိုးဖြစ်တာကြောင့် ဒီဆီရဲ့ အကျိုးကျေးဇူးများစွာကို သိပြီးသားဖြစ်မှာပါ။ အသားရေထိန်းသိမ်းမှုအတွက် အုန်းဆီဟာ အကောင်းဆုံးဆီတွေထဲက တစ်ခုပါပဲ။ ဘတ်တီးရီးယားနဲ့ မှိုတွေကို ဖယ်ရှားပေးတဲ့ ဂုဏ်သတ္တိတွေပါဝင်တာကြောင့် အလှအပရေးရာအတွက် ဒီဆီကို နည်းလမ်းမျိုးမျိုးနဲ့ အသုံးပြုလို့ရပါတယ်။ အသားရေထိန်းသိမ်းဖို့အတွက် အုန်းဆီကို အသုံးပြုလို့ရနိုင်တဲ့ အလှအပအကျိုးကျေးဇူးတွေကို စာဖတ်ပရိသတ်တွေ သိရှိစေဖို့ ဖော်ပြပေးလိုက်ရပါတယ်။အသားရေ စိုပြေစေခြင်း ဒီအစွမ်းထက်ဆီက အသားရေ စိုပြေလာအောင် စွမ်းဆောင်နိုင်စွမ်းရှိတဲ့…
မိတ်ထွက်ခြင်းကို သက်သာစေမည့်နည်းလမ်းကောင်း
နွေရာသီမှာ ရာသီဥတုက ပူလောင်၊ မီးကပျက်နဲ့မို့ စိတ်ညစ်ရတဲ့ကြားထဲ မိတ်တွေပါ ပေါက်လာလို့ ငိုချင်စိတ်ပေါက်နေပြီလား။ တကယ်တော့ နွေရာသီနဲ့ မိတ်ဆိုတာ ခွဲခြားလို့ရတဲ့အရာတောင် မဟုတ်ပါဘူးနော်။ မိတ်ဆိုတာ စိတ်ကသိကအောက်ဖြစ်စေနိုင်ပေမယ့် လူကို အန္တရာယ်မဖြစ်စေနိုင်ပါဘူး။ မိတ်ဖြစ်ရခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ ပူလို့ပါပဲ။ ပူတဲ့အခါမှာ ပြင်ပအပူချိန်နဲ့ လိုက်လျောညီထွေဖြစ်နိုင်ဖို့ ခန္ဓာကိုယ်က ချွေးထွက်စေပါတယ်။ ပုံမှန်ထက်ပိုပြီး ချွေးထွက်လာတဲ့အခါမှာတော့ ချွေးထုတ်ပြွန်လေးတွေက ပိတ်ဆို့သွားတတ်ပါတယ်။ ဒီအခါမှာ မိတ်ဖုလို့ခေါ်တတ်ကြတဲ့ အနီဖုလေးတွေ…
အရက်နာကျတဲ့ မနက်ခင်းမှာ သောက်သင့်တဲ့ အရည်များ
ညလုံးပေါက် အရက်သောက်ပြီး နောက်နေ့မနက်မှာ အရက်နာကျတဲ့ ခံစားချက်ကတော့ အဆိုးဆုံးပါပဲ။ဒါတွေသက်သာစေဖို့နောက်မနက်မှာသောက်ပေးနိုင်မယ့်အရည်များကိုဖော်ပြပေးလိုက်ပါတယ်။ ၁။ ရေ အရက်သောက်ပြီဆိုတာနဲ့ ခန္ဓာကိုယ်က ရေဓာတ်ဆုံးရှုံးမယ်။ မနက်နိုးလာတဲ့အခါမှာ ခေါင်းမူးခေါင်းကိုက်ပြီး အန်ချင်သလို ဖြစ်နေမယ်။ အကောင်းဆုံးကတော့ မနက်နိုးလာတာနဲ့ ရေတစ်ခွက် အပြည့်သောက်လိုက်ပါ။ လက္ခဏာ ပိုပြီးမဆိုးလာစေဖို့နဲ့ ခန္ဓာကိုယ်က ကုန်ဆုံးသွားတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးဖို့ ရေများများသောက်ပေးဖို့ လိုအပ်ပါတယ်။ ၂။ အားဖြည့်အချိုရည် ပုံမှန်အရတော့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့…