Detoxက စျေးကွက်တစ်ခုလို ဖြစ်လာတဲ့အခါကျတော့ နည်းလမ်းတွေလည်း စုံလာပါတယ်၊၊ Detox လုပ်တယ်ဆိုတာ နေ့စဉ်စားနေတဲ့ အာဟာရမဖြစ်၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေကနေ ခဏနားပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလေ့အကျင့်တွေ ဖြစ်တဲ့ ရေများများသောက် အသီးအရွက်များများစားတဲ့ဘက်ကို ခဏပြောင်းလိုက်တာ ဖြစ်ပါတယ်၊၊ ဒါကို အတုယူပြီး နေ့စဉ်စားသောက်တဲ့ထဲမှာ အဆီအစိမ့်တွေ၊ အချိုတွေ၊ အသင့်စားအစားအသောက်တွေကို လျှော့ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပုံစံကို အမြဲစားပေးမယ်ဆိုရင်…
အဆစ်ရောင်နာရှိသူတို့အတွက် အကောင်းဆုံး သောက်စရာ
အဆစ်ရောင်နာရှိသူတွေအတွက် အကောင်းဆုံး သောက်စရာတွေက ဘာတွေဖြစ်မလဲ! ဆိုတာကို အတူတူကြည့်လိုက်ရအောင်နော်။ ရေနွေးကြမ်း သောက်တာက ကျန်းမာရေးကောင်းကျိုးများပါတယ်။ အထူးသဖြင့် အဆစ်ရောင်ရောဂါရှိသူတွေ မှာပေါ့။ လက်ဖက်စိမ်းရေနွေးကြမ်းက အရောင်ကျစေနိုင်ပြီး အခြားအခြားသော အာဟာရဓာတ်တွေလည်း ပါဝင်နေပါတယ်။ ဒါကြောင့် အဆစ်ရောင်တာကို သက်သာစေဖို့ဆိုရင်တော့ နေ့စဉ်ပုံမှန် ရေနွေးကြမ်း သောက်ပေးလို့ ရပါတယ်။ အဆစ်ရောင် ရောဂါအတွက် ဆေးတွေ သောက်နေရတယ်ဆိုရင် ဆေးနဲ့ ၂နာရီလောက် အချိန်ခွာ သောက်ပါ။…
ပူပူနွေးနွေး မှုတ်သောက်နိုင်မယ့် ထိုင်းလယ်သမားဟင်းချို
ထိုင်းအစားအစာလေးတွေကိုမှ ခံတွင်းတွေ့သူတွေအတွက် ဒီထိုင်းလယ်သမားဟင်းချိုက အကောင်းဆုံးပါပဲ။ အရသာလည်းခံတွင်းမြိန်၊ လုပ်ရတာလည်း သိပ်ပြီးတော့ လက်မဝင်လှဆိုတော့ အရသာရှိတဲ့ဟင်းတစ်ခွက်ကို အချိန်တိုအတွင်း ရရှိနိုင်ပြီပေါ့။ ပါဝင်ပစ္စည်းများ ပြုလုပ်ပုံ ပထမဆုံးပုစွန်တွေကိုသန့်စင်ပြီး၊ အခွံခွာခေါင်းဖြုတ်ကာ ဆား၊ ဟင်းခတ်မှုန့် အနည်းငယ်နှင့် နယ်ထားပါ။ ဖရုံသီး၊ ဗူးသီးတွေကို ၁လက်မအရွယ် အတုံးငယ်လေးတွေတုံးပါ။ ပဲတောင့်ရှည်နှင့် ဘေဘီ ပြောင်းဖူးတွေကိုတော့ ၁လက်မ အရှည်ခန့် လှီးပါ။ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း တွေကိုပါးပါး…
သွေးဖြူဥနည်းသူတွေ ဘာတွေစားရမလဲ
သွေးဖြူဥနည်းသူတွေ ဘာတွေ စားရမလဲ ဆိုတော့ သွေးဖြူဥ နည်းသူတွေအနေနဲ့ သွေးတွင်းက သွေးဖြူဥ ပမာဏ တိုးစေဖို့ ဒီအစားအစာလေးတွေကို စားပေးလို့ ရပါတယ်။ ကြက်သွန်ဖြူ ကြက်သွန်ဖြူမှာallicin ဒြပ်ပေါင်း ပါဝင်တာကြောင့်သွေးဖြူဥဆဲလ်တွေ ထွက်ရှိလာအောင် လှုံ့ဆော်ပေးပြီး ကိုယ်ခံအားကို ကောင်းစေနိုင်ပါတယ်။ တစ်နေ့ကို နုတ်နုတ်စဉ်းထားတဲ့ ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာကနေ ၂ ဇွန်းစာအထိ စားသုံးပေးပါ။ ဟင်းချက်စားလို့ရသလို တို့စားပေးလို့လည်း…
Sensitive အသားအရေပိုင်ရှင်တို့ Skincare နဲ့ပတ်သက်ပြီး သတိထားရမယ့်အချက်များ
Sensitive အသားအရေမျိုး ပိုင်ဆိုထားတဲ့သူတို့ဟာ ကိုယ့်အသားအရေကို အခြားသော သူများထက် ပိုမိုဂရုစိုက်ကာ ပြုစုယုယရပါတယ်။ Skincare Routine နှင့် ပတ်သက်လာလျှင်လည်း ကိုယ်သုံးမယ့် ထုတ်ကုန်ပစ္စည်း အမျိုးအစားများကို သေသေချာချာ ရွေးချယ်ရတာလည်း Sensitive အသားအရေပိုင်ရှင်တို့ပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ Skincare ထုတ်ကုန် ရွေးချယ်မှု မှားယွင်းသွားတဲ့အခါ ကိုယ့်ရဲ့အသားအရေက ပိုမိုပျက်စီးသွားနိုင်ခြေရှိပါတယ်။ ဒါ့ကြောင့် ကိုယ်ရဲ့ အသားအရေ ပိုပြီး ပျက်စီးမသွားရအောင် ကိုယ့်အသားအရေကို…
ရေခဲမုန့်အစားကျန်းမာရေးအတွက် ဘာစားကြမလဲ
ဒိန်ချဉ်အေး ဒိန်ချဉ်အေးတစ်ပွဲစာမှာ ပြည့်ဝဆီ ၂ဂရမ်လောက်သာ ပါဝင်တဲ့အတွက် ပြည့်ဝဆီပါဝင်မှုနည်းတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ရေခဲမုန့်နီးပါး ပြည့်ဝဆီထည့်သွင်းပြုလုပ်ထားတဲ့ ဒိန်ချဉ်တွေလည်း ရှိတဲ့အတွက် မဝယ်ယူခင်မှာ ပြုလုပ်ပုံအညွှန်းကို အရင်ဖတ်ကြည့်သင့်ပါတယ်။ Sherbet Sherbet (ရေမှာထည့်ရင် အမြုပ်ထပြီးဆူတဲ့ ဖျော်ရည်မှုန့်) ဟာလည်း နို့ကရရှိတဲ့ သွားရည်စာဖြစ်ပြီး အဆီမပါတဲ့ ဒိန်ချဉ်လိုပဲ ပြည့်ဝဆီပါဝင်မှု အလွန်နည်းတဲ့အပြင် စားလို့ကောင်းတဲ့ အနံ့အရသာအမျိုးမျိုး ထည့်သွင်းပြုလုပ်ထားတာ ဖြစ်ပါတယ်။ Sorbet…
ကြက်သွန်ချဉ် ပြုလုပ်နည်း
ဓာတုပစ္စည်းများနဲ့ တာရှည်ခံအစားအစာများ လုံးဝမပါဝင်တဲ့ တို့စရာအချဉ်တစ်မျိုးမျိုး လုပ်စားချင်တယ်ဆိုရင်တော့ အသင့်စားရယ်ဒီမိတ်အစားအစာများ ဝယ်စားတာထက် မိမိအိမ်မှာ လုပ်စားခြင်းကသာ အကောင်းဆုံးပါ။ ဒီတစ်ခါမှာတော့ ကျန်းမာရေးအတွက် အဖက်ဖက်က အထောက်အပံ့ပေးနေတဲ့ ကြက်သွန်ဖြူကို တို့စရာ ကြက်သွန်ချဉ်အဖြစ် ဘယ်လိုပြုလုပ်ရမလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။ ပါဝင်ပစ္စည်းများ ပြုလုပ်နည်း အဆင့်ဆင့် ၁။ ကြက်သွန်မြွှာများကို ကြက်သွန်ဥမှ ခွာပြီးနောက် ရေနွေးပူထဲတွင် မိနစ် ၃၀ ခန့် စိမ်ထားလိုက်ပါ။ အချိန်ပြည့်ပါက…
ဆားရေစိမ် ဆေးကြက်ဥစပ်စပ်လေး လုပ်စားကြမယ်
ဒီတစ်ခါမှာတော့ ကြက်ဥပြုတ်ကို အရသာအသစ်အဆန်း မြည်းစမ်းကြည့်နိုင်ဖို့အတွက် ဆားရေစိမ် ဆေးကြက်ဥစပ်စပ်လေး ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။ ပါဝင်ပစ္စည်းများ ပြုလုပ်နည်း အဆင့်ဆင့်၁။ ကြက်ဥ ၆ လုံးကို အိုးထဲထည့်ပြီးနောက် ကြက်ဥများ မြှုပ်သွားသည်အထိ ရေထည့်ပါ။ ဆားနှင့် ရှာလကာရည်တို့ထည့်ပြီး ပြုတ်ပေးရပါမယ်။ ကြက်ဥအနှစ် မကျက်တကျက်လေး စားချင်ပါက ၆ မိနစ်ခန့်ပြုတ်ပါ။ ဒါမှမဟုတ် ကြက်ဥအနှစ်ကို ကျက်စေချင်တယ်ဆိုရင်တော့ ၁၀ မိနစ်ခန့် ပြုတ်ပေးရပါမယ်။…
ရာသီစက်ဝန်းအလိုက် လေ့ကျင့်ခန်း ဘယ်လိုလုပ်မလဲ
ရာသီစက်ဝန်းအလိုက် လေ့ကျင့်ခန်း လုပ်တာကို Cycle syncingလို့ ခေါ်ပါတယ်။ ရာသီစက်ဝန်းနဲ့ ဟော်မုန်းအပြောင်းအလဲအလိုက် လုပ်သင့်တဲ့ လေ့ကျင့်ခန်းတွေကတော့ (၁) Menstrual phase (ရာသီသွေးဆင်းနေတဲ့ရက်) ရာသီလာနေတဲ့အချိန်မှာလည်း လေ့ကျင့်ခန်းလုပ်လို့ ရပါတယ်။ ဒီရက်တွေမှာ အားနည်းပြီး သက်သောင့်သက်သာ မဖြစ်တဲ့အတွက် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းတွေကိုပဲ လုပ်သင့်ပါတယ်။ ဥပမာ လမ်းလျှောက်တာ၊ အကြောလျှော့တာ၊ ယောဂ၊ pilates စသဖြင့်။ ဒီလိုလုပ်ပေးတာတာက ကိုက်ခဲနာကျင်မှုတွေကို…
စေ့စပ်လိုက်ပြီဖြစ်တဲ့ Spider Man ဇာတ်ကောင်မင်းသားတွမ်ဟော်လန်နဲ့ ဇန်ဒါယာ
Spider Man ဇာတ်ကောင်မင်းသားတွမ်ဟော်လန်နဲ့ သူ့ချစ်သူမင်းသမီး ဇန်ဒါယာတို့ဟာ စေ့စပ်လိုက်ပါပြီ။ ဒီသတင်းကို သူတို့စုံတွဲရဲ့မိသားစုအရင်းအမြစ်ကနေ သတင်းဌာနတွေကို အတည်ပြုပေးခဲ့တာပါ။ သတင်းဌာနတွေအရ တွမ်ဟော်လန်က နှစ်သစ်ကူးအားလပ်ရက်တွေတုန်းက ဇန်ဒါယာရဲ့မိသားစုနေအိမ်တွေထဲက တစ်အိမ်မှာ လက်ထပ်ခွင့်တောင်းခဲ့တာလို့ ဆိုထားပါတယ်။ စေ့စပ်ပွဲက ဖြစ်လာတော့မယ်ဆိုတာ သူတို့နဲ့ရင်းနှီးတဲ့လူတိုင်းက သိထားကြတယ်။ ဘယ်တော့လဲဆိုတာပဲ မသိခဲ့တာ။ ဇန်ဒါယာကို လက်ထပ်ခွင့်တောင်းဖို့အတွက် စိတ်အားထက်သန်နေခဲ့တာကြာပါပြီလို့ အရင်းအမြစ်တွေက ဆိုထားပါတယ်။ လက်ထပ်ပွဲနဲ့ပတ်သက်တာကတော့ သူတို့နှစ်ဦး အချိန်ယူဦးမယ်လို့ သိရပါတယ်။…