အသက်အရွယ်ကြောင့် ကြွက်သားဆုံးရှုံးမှုကို ကာကွယ်ဖို့ စားပေးသင့်တာလေးများ ကတော့ အသား အသားတွေက ပရိုတင်း ပါဝင်မှု အများဆုံး အစားအစာ တစ်မျိုးပါ။ သက်ကြီးရွယ်အိုတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရတွေ ပါဝင်နေပါတယ်။ အသား တစ်အောင်စကနေ ပရိုတင်းပမာဏ ၇ ဂရမ် အထိ ရရှိတာပါ။ အနီရောင်အသားတွေ နဲ့ ကြက်သားလိုမျိုး အသားတွေက ပရိုတင်းကြွယ်ဝပေမယ့် အသားကမာတာကြောင့် ဝါးဖို့ ခက်တာမျိုး…
မနက်ပိုင်းမှာ ဆီးချိုတက်ရတဲ့ အကြောင်းရင်းများ
မနက်အစောပိုင်းမှာဆိုရင် တစ်နေ့တာလုံး လန်းဆန်းနေအောင်ဆိုပြီး ခန္ဓာကိုယ်က သဘာဝအလျောက် ကော်တီစောတွေ၊ ကြီးထွားဟော်မုန်းတွေ ထွက်ပါတယ်။ ဒီဟော်မုန်းတွေက အသည်းကနေ ခန္ဓာကိုယ် အလုပ်လုပ်ဖို့ စွမ်းအင်ရအောင်ဆိုပြီး အသည်းကနေ သကြားဓာတ်တွေကို ထုတ်ခိုင်းပါတယ်။ ဒီလိုနဲ့ သွေးတွင်းသကြားဓာတ် တက်လာပါရော။ ခက်တာက ကိုယ့်မှာ ဆီးချိုရှိနေတော့ အင်ဆူလင် မထွက်တာ၊ အင်ဆူလင် မတိုးဘူး ဖြစ်နေတာပေါ့။ သာမန်လူတွေဆိုရင်တော့ အင်ဆူလင်ထွက်လာရင် သွေးတွင်းသကြားဓာတ်က ပြန်ကျသွားမှာ ဖြစ်ပေမယ့်…
ဘယ်အစားအစာတွေက ဓာတ်မတည့်မှု ဖြစ်နိုင်ခြေအများဆုံးလဲ
၁။ နွားနို့ ရင်သွေးလေးတွေနဲ့ အသက်အရမ်းငယ်သေးတဲ့ ကလေးတွေမှာ ဓာတ်မတည့်တာ အဖြစ်များပြီး အသက် ၆ လ မတိုင်ခင် နွားနို့အတိုက်ခံရဖူးတဲ့ ကလေးတွေမှာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ ကလေးအများစုကတော့ အသက် ၃ နှစ်နောက်ပိုင်း ဒီဓာတ်မတည့်တဲ့ လက္ခဏာက သူ့အလိုလိုပဲ ပျောက်သွားတတ်ပါတယ်။ ဓာတ်မတည့်ခြင်းဟာ နွားနို့သောက်ပြီး ၅မိနစ်မှ မိနစ် ၃၀အတွင်း ပြလာတတ်ပြီး အသားဖောရောင်တာ၊ အင်ပျဉ်ထတာ၊ အဖုသေးသေးလေးတွေ…
ပဲပြား အသားကြော် ချဉ်ချဉ်စပ်စပ်လေး
ဒီတစ်ခါမှာတော့ အရသာချဉ်ချဉ်စပ်စပ်ကလေးနဲ့ စားလို့ကောင်းတဲ့ ထိုင်းစတိုင်လ် ပဲပြား အသားကြော်ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။ ပါဝင်ပစ္စည်းများ Chilli Peppers ပြုလုပ်နည်းအဆင့်ဆင့် ပဲပြားတုံးကို အနေတော်အရွယ်အဆားတုံးပြီး ဆားဖြူးထားပေးပါ။ အသားကိုလည်း နုတ်နုတ်စင်းထားပြီး ကြက်သွန်နီ၊ စပါးလင်၊ ငရုတ်သီးတို့ကို ပါးပါးလှီးထားပါ။ ထို့နောက် ဒယ်အိုးကို အပူပေးပြီး ပဲပြားကို ၅ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ကြော်ပြီးသော ပဲပြားများကို ဆီစုပ်စက္ကူပေါ်တင်ထားပြီး ပိုလျှံနေသောဆီများကို ဖယ်ရှားလိုက်ပါ။…
စိတ်ကျရောဂါခံစားနေခဲ့ရတယ်ဆိုတဲ့ တရုတ်မင်းသမီးချော ကျောက်လုစီ
ဝှီးချဲနဲ့ ဆေးရုံရဲ့အရေးပေါ်ဌာနကို သွားရောက်ခဲ့တဲ့ တရုတ်မင်းသမီးချော ကျောက်လုစီရဲ့ဓာတ်ပုံတွေ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့ခဲ့ပြီးနောက်မှာတော့ လုစီဟာ သူ့ရဲ့ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး သူ့ရဲ့Weibo အကောင့်မှာ ဇန်နဝါရီ ၁ ရက်နေ့က တုံ့ပြန်ဖြေကြားလာခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် လုစီဟာ သူဟာ ၂၀၁၉ ခုနှစ်ကတည်းက စိတ်ကျရောဂါခံစားနေခဲ့ရပေမဲ့ အဲ့ဒီအတွက် အကူအညီမတောင်းဖြစ်ခဲ့ဘူးဆိုတာကို အခုလိုပြောလာခဲ့ပါတယ်။ “၂၀၁၉ ခုနှစ်မှာ ကျွန်မ စိတ်ဓာတ်ကျလာခဲ့ပြီး “အမူပိုလွန်းမနေနဲ့’၊ ‘ပိုပြီးပွင့်လင်းရုံပဲပွင့်လင်းပါ’လိုမျိုး…
ကြောက်ရွံ့နေတာတွေ ကို သက်သာစေဖို့ ဘာတွေ စားရမလဲ
ကြောက်ရွံ့မှုတွေ ဖြစ်ပေါ်ခံစားလာရပြီဆိုရင် သက်သာစေဖို့ ဒါလေးတွေ စားပေးလို့ ရပါတယ်။ ပင်လယ်ငါး အဆီပါဝင်မှု များတဲ့ ပင်လယ်ငါးတွေ ဖြစ်ကြတဲ့ ဆယ်လ်မွန်ငါး၊ တူနာငါး၊ ဆာဒင်းငါး၊ ထရောက်ငါး၊ မက်ကာရယ်ငါး စတဲ့ငါးတွေက Omega-3 fatty acid ကြွယ်ဝစွာ ပါဝင်ပြီး စိတ်ကျန်းမာရေးကို အထိရောက်ဆုံး ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ကြောက်စိတ်တွေ များလို့ စိတ်ထဲ နေရထိုင်ရ အဆင်မပြေတဲ့အခါ ဒီလို…
ဆောင်းရာသီမှာ ရေများများသောက်ခြင်းရဲ့ အကျိုးကျေးဇူး
ဆောင်းရာသီမှာ ရေများများသောက်ခြင်းရဲ့ အကျိုးကျေးဇူး တွေကတော့ – ကိုယ်ခံအား ကောင်းစေမယ် ဆောင်းရာသီက လေထုထဲမှာ ပိုးမွှားတွေ များနေတဲ့အချိန်ပါတယ်။ ဒီလိုမျိုး မတော်တဆ ဖျားနာမှုတွေ၊ ရောဂါပိုးဝင် ကူးစက်မှုတွေကို ကာကွယ်ဖို့ဆိုရင် ကိုယ်ခံအား ကောင်းစေဖို့အတွက် ရေများများ သောက်ပြီး ရေဓာတ် ပြည့်ဝအောင် နေခြင်းက ကိုယ်ခံအားကို ထိထိရောက်ရောက် အားဖြည့်ပေးနိုင်ပါတယ်။ ဒါကြောင့် ဆောင်းရာသီမှာ ဖျားနာမှု ကင်းချင်တယ်ဆိုရင်တော့ ရေကို…
ဆောင်းရာသီနဲ့လိုက်ဖက်တဲ့ ကြက်သားစွတ်ပြုတ်
ညစာအတွက် ချက်ပြုတ်ဖို့အချိန်မပေးနိုင်တဲ့အခါမျိုးမှာ ဒီဟင်းလေးကို သတိရလိုက်ပါ။ မယုံနိုင်လောက်အောင် မြန်ဆန်လွယ်ကူပြီး အချိန်နည်းနည်းလေးပေးရုံနဲ့ အရသာရှိပြီး အဟာရပြည့်တဲ့ စွတ်ပြုတ်ပူပူလေးတခွက် ရလာမှာပါ။ ပါဝင်ပစ္စည်းများ ဟင်းရည်နဲ့ ပါဝင်ပစ္စည်းတွေကို ဒယ်အိုးတစ်လုံးထဲတွင် ထည့်ပြီး အပူပေးလိုက်ပါ။ အဖုံးအုပ်ပြီး ဆူပွက်လာလျှင် အလယ်အလတ်သို့ လျှော့ချပြီး အနံ့အရသာများ စိမ့်ဝင်စေဖို့ ၈-၁၀ မိနစ်ခန့် ဆူအောင်တည်ထားပေးပါ။ ပြီးရင် မုန်ညှင်းနဲ့ခေါက်ဆွဲကို ပြုတ်ပေးပါ။ ခေါက်ဆွဲတွေကို ပန်းကန်လုံးထဲ ထည့်ပါ။…
အမဲသား ထမင်းကြော်
အခုဝေမျှပေးမယ့် အမဲသား ထမင်းကြော် ချက်ပြုတ်နည်းကတော့ လူ လေးယောက်စာအတွက် ပြင်ဆင်ချက်ပြုတ်နည်းဖြစ်ပြီး ၁၀ မိနစ်၊ ၁၅ မိနစ်လောက် အချိန်ပေးရုံနဲ့တင် ချက်ပြုတ်ပြီးစီးနိုင်ပါတယ်။ ပါဝင်ပစ္စည်း ပြုလုပ်နည်း အဆင့်ဆင့် ၁။ ဒယ်အိုးကို အပူပေးပြီး ဆီ ထည့်ပါ။ ဆီပူလာပါက အမဲသားထည့်ပြီး ၂ မိနစ်၊ ၃ မိနစ်ခန့် ကြော်ပါ။ အမဲသားများ အညိုရောင် ပြောင်းသွားပါက ဒယ်အိုးတစ်ဖက်ခြမ်းတွင်…
စိတ်ကျန်းမာရေးနဲ့ အသားအရေ ကျန်းမာရေးကြားက ဆက်စပ်မှု
စိတ်ကျန်းမာရေးနဲ့ အသားအရေ ကျန်းမာရေးကြားက ဆက်စပ်မှု အကြောင်းလေး လေ့လာလိုက်ရအောင်နော်။ စိတ်ဖိစီးစရာတွေကို တွေ့ကြုံနေရချိန်မှာ ကိုယ်တွင်းက ကော်တီစောလို့ ခေါ်တဲ့ ဟော်မုန်း တစ်မျိုးကို ထုတ်လွှတ်ပါတယ်။ ဒီလို ထုတ်လွှတ်မှုက အနာကျက်တာကို နှေးစေသလို ဝက်ခြံ ထွက်စေတာ၊ အရေပြား ရောင်ရမ်းမှုတွေကို ပိုဆိုးတာတွေအပြင် ဆိုရီရေးစစ်နဲ့ အမျိုးမျိုးသော အရေပြား ပြဿနာတွေကို ပိုဆိုးစေနိုင်ပါတယ်။ စိုးရိမ်စရာ အခိုက်အတန့်တွေ၊ စဉ်းစားရကြပ်တဲ့ အခိုက်အတန့်တွေမှာ…