Snapdragon 8 Elite နဲ့ 13.2” 3.4K Display ပါတဲ့ OnePlus Pad 2 Pro

0
5

OnePlus က တရုတ်မှာ Pad 2 Pro တက်ဘလက်ကို ကြေညာလိုက်ပြီး စွမ်းရည်မြင့် အမျိုးအစား ဖြစ်ပါတယ်။ တက်ဘလက်မှာ 13.2” 3.4K Display တပ်ထားပြီး IPS LCD Panel ဖြစ်ပါတယ်။ 144Hz Refresh Rate နဲ့ 900 Nits Brightness ထည့်ထားပါတယ်။

OnePlus Pad 2 Pro Launches_ Price and Specs here

Chipset က Snapdragon 8 Elite ဖြစ်ပြီး LPDDR5x RAM နဲ့ UFS 4.0 Storage ပါပါတယ်။ Android 15 အခြေပြု ColorOS 15 မောင်းနှင်ထားပါတယ်။

OnePlus Pad 2 Pro Specifications

အနောက်ဘက်မှာ 13MP နဲ့ အရှေ့ဘက်မှာ 8MP ကင်မရာ တပ်ထားပါတယ်။ 12,140mAh Battery ပါလာပြီး 67W Charging ထည့်ထားပါတယ်။ WiFi 7 , Bluetooth 5.4 , NFC စတဲ့ ဆက်သွယ်မှုတွေ ပါလာပြီး စပီကာ ၈ လုံး တပ်ထားပါတယ်။ အလေးချိန်က ၆၇၅ ဂရမ်နဲ့ အထူက ၅.၉၇ မီလီမီတာ ရှိပါတယ်။

Pad 2 Pro ရဲ့ ဈေးနှုန်းက ၃,၁၉၉ ယွမ် (၄၄၄ ဒေါ်လာ)က စပြီး တရုတ်မှာ စတင် ရောင်းချပေးလိုက်ပါပြီ။ ကုမ္ပဏီက နိုင်ငံတကာမှာ ရောင်းမယ့် အချိန်ကို မပြောသေးပါဘူး။ Pad Pro တုန်းကလို နိုင်ငံတချို့မှာပဲ ရောင်းချနိုင်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here